Thursday, January 26, 2012

Auto CAD ကို မြန်မြန်သုံးနိုင်ဖို့

ကွန်ပျူတာရှေ့မှာတနေကုန်ထိုင်ပြီး Auto CAD နဲ့ အလုပ်လုပ်နေကြတဲ့ Drafter များအတွက်ရည်ရွယ်ပါတယ်။Drawing Time Limit ကို ဘယ်လိုလျှော့ချနိုင်မလဲ၊ အလုပ်တခုကိုမြန်မြန်ပြီးသွားဖို့ ကျွန်တော်တို့မြန်မာလူမျိုးတွေကပိုပြီး စဉ်းစားလုပ်ဆောင်ကြတယ်လို့မြင်မိပါတယ်၊ ဒါက အာဆီယံ နိုင်ငံက လူမျိုးတချို့နဲ့ နှိုင်းယှဉ်ပြီးပြောကြည့်တာပါ၊သူငယ်ချင်းတချို့ကို အကြံပေးဘူးပါတယ်။ " အလုပ်တွေက တခုပြီးရင် တခုရောက်လာမှာဘဲ ငါတော့ စိတ်မ၀င်စားဘူးတဲ့"လူမျိုးစုတခုအတွက် ဒီစကားက ၀မ်းနဲ့စရာကောင်းပါတယ်၊ ကိုယ်ရောက်တဲ့နေတရာ ကိုယ့်အလုပ်မှာ အကောင်းမြင်စိတ်အတတ်နိုင်ဆုံးထားပြီးအကောင်းဆုံးလုပ်ဆောင်သွားကြဖို့အကြံပေးချင်ပါတယ်၊ သင့်ပတ်ဝန်းကျင် သင်တွေ့နေကျ သင့်သူငယ်ချင်းတွေကိုမေးကြည့်ရင် " ငါ့ အလုပ်ကမမိုက်ပါဘူးကွာ ဘော့စ်ကအရမ်းချီးပေတယ် လုပ်ရတာလည်း မတန်ပါဘူး" ..အဲဒီအဖြေတွေဘဲရဖို့များပါတယ်..သက်ရောက်မှုနဲ့တူညီတဲ့ တန်ပြန်သက်ရောက်မှုကို သင်ခံစားရမှာမလွဲဘူးလို့ ကျွန်တော်ကတော့ယုံကြည်နေပါတယ်၊
Auto CAD မှာ ကျွန်တော်အကြိုက်ဆုံး Feature တခုက အခြား Software တွေနဲ့မတူတဲ့ Keyboard ကနေ ခိုင်းစေနိုင်တဲ့ Command Lineဆိုတာလေးကိုပါ၊ စက်ဝိုင်းတခု ဆွဲဖို့ Circle (C) Enter ဆိုပြီး Keyboard ( Command Line) ကနေ ရိုက်ထည့်မယ်၊ Command Line မှာ ကိုယ့်ကိုပြန်မေးပါတယ်..စက်ဝိုင်း Center ကို ဘယ်မှာချမလဲ သတ်မှတ်ပေးပါတဲ့ (Specify center point for circle..)၊ ဒါက ဥပမာပါ၊ Auto CAD မှာ Command အားလုံးလိုလိုက အဲဒီလိုပါဘဲ၊ ကိုယ်က Command Line မှာ ထည့်ပြီး Auto CAD ကို ခိုင်းစေလိုက် Auto CAD က ကိုယ့်ကို ပြန်မေးလိုက်နဲ့တကယ် ပျော်စရာကောင်းပါတယ်၊ ဒါကြောင့် Command Line မကြည့်တဲ့ Auto CAD Beginner တွေအတွက်တော့ အတော် အခက်ကြုံရပါတယ်၊အမေးကတခြား အဖြေက တခြားဆိုသလိုပေါ့၊ ပေါက်ကရဖြစ်တော့တာဘဲ၊ ရိုးရှင်းတဲ့ Auto CAD Command ရဲ့ Reply Message ကို ဖတ်နိုင်ကြပါတယ်၊ဒါပေမဲ့ အချို့က ဖတ်ရကောင်းမှန်းကိုမသိကြတာ..
Auto CAD ကိုအလုပ်လုပ်ဖို့
Keyboard ကနေ စေခိုင်းနိုင်တဲ့ Command Line
Mouse နဲ့ စေခိုင်းနိုင်တဲ့ Menu / Toolbars တွေရှိပါတယ်၊ တချို့က Keyboard ကသုံးတယ်၊ ဒါက လူအများသုံးနေကြပါ၊ တချို့ Graphic Screen ပေါ်မှာToolbars တွေ မျက်စိနောက်လောက်အောင်တင်ထားပြီး Mouse နဲ့သုံးတယ်၊ သိပ်အဆင်မပြေဘူးထင်ပါတယ်.. ဒါပေမဲ့ နှစ်နဲ့ချီပြီး ဆွဲနေခဲ့တဲ့ သူတယောက်ကို အကြံသွားပေးရင်တော့ ဆောရီးပါလို့ပြောမှာသေချာပါတယ်၊ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အသားကျနေတဲ့ အကျင့်တခုကိုအသစ်လဲဖို့က ခက်တယ်လေ၊ အဲဒါဆိုရင် ဘယ်ဟာကအကောင်းဆုံးလဲ၊ Keyboard ရော Mouse ပါ မျှမျှတတ အလုပ်လုပ်နိုင်ရင်တော့ အကောင်ဆုံးဘဲလို့မြင်မိပါတယ်၊ ရေရှည်အသုံးပြုနေသူတွေအတွက်တော့ ရလဒ်က ပိုသိသာလာပါတယ်။ ပြီးတော့ Keyboard ကနေ ရိုက်လို့မရတဲ့ command တွေ (ဥပမာ... Tan-Tan-Tan စက်ဝိုင်းတခုဆွဲဖို့) အများကြီးရှိနေပါသေးတယ်။ Auto Lisp နဲ့ Macro ရေးထားရင် ရတာပေါ့လို့ ပြောလို့ရပါတယ်။ ဟိုရောက် ဒီရောက် အလုပ်လုပ်နေရတဲ့သူတွေအတွက်တော့ ခက်တာပေါ့။သီးသန့် ကိုယ့် ကွန်ပျူတာနဲ့ဘဲ အမြဲတမ်းသုံးနေရသူတွေအတွက်တော့ Auto Lisp ကို Basic လေးသိရုံနဲ့ Command တွေကို ခြုံ့နိုင်ပြီး Drawing အချိန်ကို သက်သာတိုတောင်းစေပါတယ်၊ ( Beginner တွေအတွက် အကောင်းဆုံးစာအုပ်က Saya Robert Tin Aye ရဲ့ Auto CAD Volume II စာအုပ်ပါ)နောက်ဆုံးအခန်းမှာပါ Auto Lisp အကြောင်းပါပါတယ်..
အောက်က Command အချို့ကို Auto CAD ရဲ့ acad.pgp file ထဲမှာ ဖြည့်စွက်ရေးသားပြီး သုံးကြည့်ပါ..ဒါမှမဟုတ် Alias Editor ကိုဖွင့်ပြီးလည်း ရေးသားနိုင်ပါတယ်။ဒီ Command က Auto CAD ကို စက်မှာစတင်ခဲ့စဉ်တုန်းက Express Tool တွေကိုမတင်ခဲ့ရင်တော့ သုံးရမယ်မထင်ဘူး...acad.pgp file ထဲကို ၀င်ပြီးရေးတာက ပိုအဆင်ပြေပါတယ်.Memory stick နဲ့သယ်ပြီး ကိုယ်ရောက်တဲ့နေရာမှာ ထည့်သွင်းအသုံးပြုလို့ရတယ်လေ..အဓိက က Auto CAD ရဲ့ အသုံးများ Command တွေကို ဘယ်ဘက် လက်နဲ့ဘဲအသုံးပြုလို့ရနိုင်အောင် လုပ်ထားတာပါ... အစတော့ နဲနဲ အခက်အခဲရှိပေမဲ့ နေ့စဉ်ကြာလာတာနဲ့အမျှ လွယ်ကူမြန်ဆန် လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်..
CC, *COPY
RT, *ROTATE
DD, *MATCHPROP
DR, *LINE
ET, *OFFSET
AS, *MIRROR
DF, *POLYLINE
VE, *MOVE
DE, *DIMLINEAR
EE, *QLEADER
XX, *XLINE
အကောင်းဆုံးက ကိုယ်ရောက်နေတဲ့ Field နဲ့ဆက်ဆပ်ပြီး ကိုယ်အသုံးများတဲ့ Command တွေကို Short Cut လုပ်ထားတာက ပိုပြီးသင့်တော်ပါတယ်..အားလုံးကို ဘယ်လက်နဲ့ဘဲ ရိုက်လို့ရနိုင်အောင်ပေါ့...
ACAD.PGP File ကိုသွားဖို့အတွက်C:\Documents and Settings\Your User Name\Application Data\Autodesk\AutoCAD 10\R18.0\enu\Support ကိုသွားပြီး.ကိုယ်သုံးတဲ့ Version ကိုတော့ရွေးပေါ့...စက်မှာ Version နှစ်ခုတင်ထားရင် ကိုယ်ပြင်တဲ့ Version မှာဘဲအလုပ်လုပ်မှာပါ.. acad.pgp file ကိုဖွင့်ရပါမယ်...ရှိပြီးသား Command တွေရဲ့အောက်မှာရေးလိုက်ရုံပါဘဲ..DRAWORDER Command က Keyboard ကနဲ့စာရင် Toolbar က သုံးရတာက ပိုပြီးအဆင်ပြေပါတယ်.. ဒါကြောင့် DR ကို Line အနေနဲ့ဘဲသုံးတော့မယ်...ရှိပြီးသား Command ကိုအစားထိုးဖို့အတွက်..
'DR, *DRAWORDER
DR, *LINE
ဆိုပြီး ရှိပြီးသား Command ရဲ့ရှေ့မှာ Apostrophe Sign (') ထည့်ပေးရပါတယ်..သတိထားရမှာက ကော်မာ (,) နဲ့ Asterisk (*) ကြားမှာ Tap Key နဲ့သွားရင် အလုပ်လုပ်မှာမဟုတ်ပါဘူး.. Space bar သုံးမှ ရမှာပါ...ပြီးရင် Save လုပ်ပြီး ပိတ်လိုက်ပါ.... Command Line မှာ REINIT >Enter>Mark PGP file
PGP file ကို ကလစ်ပေးပြီး Re-initialization လုပ်ပေးပြီးမှာ သုံးလို့ရမှာပါ..

No comments:

Post a Comment