Wednesday, September 21, 2011

Relation of Trim and Extend by Holding on Shift Key





Relation of Trim and Extend by holding on Shift Key
Trim နဲ့ Extend Command တို့ရဲ့အလည်မှာ Shift Key ကိုဖိထားပြီး အပြန်အလှန်အသုံးပြုနိုင်ပါတယ်။ သင့်ရဲ့ Drawing Time Limit ကို လျှော့ချနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်..

ပုံမှာ D နဲ့ E Line နှစ်ကြောင်းကို C Line အထိ Extend လုပ်ပြီး A နဲ့ B ကြားက Line နှစ်ကြောင်းကို
Trim ချင်ပါတယ်။ Trim နဲ့ အရင်ပြုလုပ်ကြမယ်..
(၁) TR Enter, Enter ( Enter နှစ်ချက်ဆက်ခေါက်ပြီး အားလုံးကို Cutting Edge အဖြစ်သတ်မှတ်
လိုက်ပါတယ်..
(၂) D, E Line ရဲ့ Trim ချင်တဲ့ A နဲ့ B ကြားကို Select လုပ်ပါမယ်…
(၃) Shift Key ကို ဖိထားပြီး C အထိ Extend လုပ်ချင်တဲ့ D , E ကို Select ထပ်ပေးပါမယ်။
TR Enter, Enter>Select object you want to trim>Shift + Select object you want to extend
Extend နဲ့ ပြန်လုပ်ကြည့်မယ်…
(၁) Ex Enter, Enter ( အားလုံးကို Boundary edges အဖြစ် သတ်မှတ်လိုက်တာပါ)
(၂) C အထိ Extend လုပ်ချင်တဲ့ D, E Line ကို Select လုပ်ပါမယ်..
(၃) Shift Key ကိုဖိထားပြီး Trim ချင်တဲ့ D, E Line ရဲ့ A နဲ့ B ကြားကို Select ထပ်ပေးပါ့မယ်..
EX Enter, Enter>Select object you want to extend>Shift+ Select object you want to trim

Copy, Move and Block Without Command

Copy ,Move and Block without Commands

Auto CAD ရဲ့ Command Line/Menu/Tools Bar တွေကနေမသုံးဘဲ Graphic Screen ပေါ်မှာဘဲ Drag ဆွဲယူပြီး Copy/Move/Block တို့ကို အသုံးပြုနိုင်တာမှို့ စိတ်ဝင်စားဖို့ကောင်းပါတယ်..
လိုချင်တဲ့ Object ကို Select ပေး၊ Drag ဆွဲယူပြီး Click တချက်ချရုံလေးပါဘဲ။အောက်မှာပြောပြထားသလိုလုပ်ကြည့်လိုက်ပါ..
• မိမိ Copy/Move/Block ပြုလုပ်မည့် Object ကို Select ပေးပါ။
• Right Click နှိပ်ပြီး Drag ဆွဲယူပါ။(ဆွဲယူတဲ့အချိန်မှာ Grips တွေကို မထိပါစေနဲ့)
• အဲဒီအချိန်မှာ Copy/Move/Block/Cancel ဆိုတဲ့ Commands လေးတွေပေါ်လာမှာပါ။
• လိုရာကို Click ပေးလိုက်ရင်ပြီးသွားပါပြီ…

ဒီ Command ဟာလွယ်ကူရိုးရှင်းပေမဲ့ Keyboard (သို့) Toolbar တွေကနေသုံးနေရတဲ့အချိန်တွေထက် နှစ်ဆလောက် အမှန်တကယ်ခြုံ့ပစ်နိုင်ပါတယ်...
အားသာချက်က Ortho On ထားပေမဲ့လည်း မိမိလိုရာကို (Vertical/Horizontal) တိုင်းသာမဟုတ်ဘဲ ရွှေ့ယူနိုင်ပါတယ်..
အားနဲချက်ကတော့ Osnap ကကိုင်ပြီး၊ လိုရာ Osnap တွေဆီကို ယူ/ချလို့ရမှာမဟုတ်ပါဘူး..
Block Name ပေးလို့ရမှာမဟုတ်ပါဘူး..